Jungler တွေမှာ Baratas , Fredrinn တို့လို Ealry Game မှာမာတောင်နေပြီး လိုက်ဖြဲလို့ရတဲ့အကောင်တွေရှိသလို Ling Hayabusa တို့လိုမျိူး Level 4 ရောက်မှ လုပ်ကွက် ထွက်တဲ့ Ulti အားကိုးရတဲ့ Jungler အပျော့စားလေးတွေလည်းရှိပါတယ် အကျိုးဆက်အနေနဲ့ကတော့ Early Game မှာ Tanky Jungler တွေက Enemy Buff တွေကို ၀င်နှောက်ယှက်ပြီး Farming Space ဖျောက်ဖို့ကြိုးစားကြတာပါ ဒီလိုအချိန်မျိုးမှာဆို Skill တူနေရင်တောင် Hero ကွာနေတာကြောင့် Ass Jungler တွေအနေနဲ့ ပြန်ချလို့မရပါဘူး Early Game Farming Flow အတိုင်းမသွားနိုင်တာကြောင့် ဘာဆက်လုပ်ရမှန်းမသိဘဲ တိုင်ပတ်သွားတတ်ပါတယ် ဒီလိုမဖြစ်ဖို့အတွက် Anti Jungle Invasion System ကို ထည့်ပေးတော့မှာဖြစ်ပါတယ် ဒီ System အရ Jungler ဟာ ကိုယ့် Jungleထဲမှာနေမယ်ဆိုရင် 15% Dmg Protection ရမှာပါ အဲ့လိုမဟုတ်ဘဲ Enemy Jungle ထဲမှာဆိုရင်တော့ ကိုယ့်ကိုထိတဲ့ Dmg တွေက 20% တိုးပြီး ထိမှာပါ Enemy Jungle ထဲမှာဆိုရင် ပိုပြီးအထိနာမှာဖြစ်တာကြောင့် Early Game Buff သွားနှောက်ရင် သေချာပေါက်ပြန်တီးခံရမှာပါပဲ တစ်ခုရှိတာက ဒီ Effect ဟာ ပွဲတစ်ပွဲရဲ့ ပထမဆုံး 2 min ပဲခံတာဖြစ်လို့ 2 min ကျော်သွားရင်တော့ ပုံမှန်အတိုင်းဖြစ်သွားမှာပါ Dmg Protection တွေ / Dmg တိုးပြီးထိတာတွေ မရှိတော့ပါဘူး