Phoveus Revamp


Harith တို့ Benedetta တို့လို Blinkများတဲ့ Hero တွေ Meta ဖြစ်နေတဲ့အချိန်မှာ Conter ဖို့အတွက် Anti-Blink Hero တွေလည်းရွေးချယ်စရာဖြစ်လာပါတယ် Anti Blink Heroတွေထဲမှာ Phoveus ဟာ Minsitthar ထက်တောင်Pick Rate နည်းပါသေးတယ် ကျွန်တော့်အမြင်အရဆိုရင်တော့Phoveus က Attack နဲ့ Def မျှပြီး Passive တွေ Skill တွေကလည်း မိုက်တဲ့ Hero တစ်ကောင်ပါ ဒါပေမယ့် လူသိပ်မကိုင်ကြတာကြောင့် ခုချိန်မှာ Revamp ပြန်လုပ်တော့မှာပါ Design အနေနဲ့ကတော့ Revamp ထားတဲ့Phoveus က ပိုပြီး Badass ဆန်ပါတယ် သူရဲ့ Weapon ပုံစံကလည်း အရင်လို အလုံးကြီးမဟုတ်တော့ဘဲ Granger ရဲ့ Weapon နဲ့တောင်သွားတူနေပါသေးတယ် Mana Bar လည်း မပါတော့ပါဘူး အဲ့အချက်က မိုက်ပါတယ် Passive က လုံး၀ပြောင်းသွားပါတယ် အရင်ကလိုမဟုတ်တော့ဘဲ Enemyက Dash / Blink Skill တစ်ခုခုသုံးလိုက်ရင် ကိုယ့်ရဲ့ Ms က ခနတာ မြန်သွားမှာပါ ပြီးရင် ကိုယ့်ရဲ့ Attack Range လည်း တိုးသွားမှာဖြစ်ပြီး Basic Attack နဲ့ရန်သူကိုပြေးရိုက်လို့ရပါမယ် ရန်သူ့ရဲ့ Max Hp အပေါ်မူတည်ပြီးထိတာဖြစ်လို့ dmg လည်းထွက်ပါတယ် Cd ကတော့ Ealry Game မှာ 15 s ဖြစ်ပြီး Late Game ရောက်လာရင်တော့ 6 s ပါ Skill 1 ကတော့ သူ့ရဲ့ Weapon နဲ့မြေကြီးပေါ်ကိုရိုက်ချလိုက်တာပါ နှစ်ဆင့်သုံးရတဲ့ Skill ဖြစ်ပြီး ပထမတစ်ချက်ရိုက်လို့ထိသွားရင် နောက်တစ်ချက်ဆက်ရိုက်လို့ရပါမယ် ပထမတစ်ချက်ကတော့ Dmg ပဲပေးမှာပါ ဒုတိယအချက်ကတော့ ရန်သူကို Dmg ပေးပြီး အလယ်ကိုဆွဲစုလိုက်မှာပါ Skill 2ကတော့ ကိုယ်ချိန်လိုက်တဲ့ Directionတစ်လျှောက်မှာရှိတဲ့ Enemy တွေကို လေပေါ်မြှောက်ပြီး အနည်းငယ်ဆွဲလိုက်မှာပါ Enemyက ရွေ့သွားမှာဖြစ်တဲ့အတွက် Passive ကိုလည်း Activate ပြီးသားဖြစ်စေပါတယ် Ulti က‌လည်း ပြောင်းထားပါတယ် Enemy ကကိုယ့်ကြောင့် ရွေ့သွားမယ်ဆိုရင် သူတို့ရဲ့ခေါင်းပေါ်မှာ Mark လေးပေါ်နေမှာပါ အဲ့ Mark လေးရှိနေရင် Ulti သုံးလို့ရပါတယ် Ulti မှာ Cd မရှိပါဘူး ကိုယ် Mark တင်နိုင်ရင်တင်နိုင်သလောက် သုံးလို့ရပါတယ် အရင်နဲ့မတူတာကတော့ ‌Enemy က ကိုယ့်ရဲ့ Skill တွေကြောင့်ရွေ့သွားမှသာ Ulti ပွင့်မှာပါ သူ့ဘာသူ Blink တာမျိုးဆိုရင်မရပါဘူး Harith တို့ Joy တို့တွေ သူ့ဘာသူ Skill တွေသုံးပြီးရွေ့နေတာဆိုရင် Ulti မပွင့်ပါဘူး ကိုယ့် Teammate တွေကြောင့်ရွေ့သွားရင်တောင် Ulti မပွင့်လာပါဘူး Flame shot နဲ့ပစ်လို့ရွေ့သွားရင်လည်းမပွင်ပါဘူး Skill ‌တွေနဲ့ Passive ကြောင့်ရွေ့သွားမှသာ Ulti ပွင့်မှာပါ Ulti နဲ့ချရင်တော့ Dmg အပြင် သွေးလည်းတက်ပါသေးတယ် တစ်ချက်ထုလိုက်ရင်ကိုယ့်မှာလျော့‌နေတဲ့သွေးရဲ့ 8% ကို ပြန်ပြည့်လာစေမှာပါ Enemy Max Hp ရဲ့ 14% ကို Dmg အဖြစ်ထိစေမှာပါ အတော်များတဲ့ပမာဏပါ အရင်ကထက်ပိုပဲကောင်းသွားသလိုလို ဆိုးပဲလာသလိုလို ပါ တကယ် Official Sever ကိုရောက်လာမှ ကိုယ်တိုင်ကိုင်ကြည့်မှပဲသိနိုင်မှာပါ Dmg တွေ သွေးတက်တွေကြမ်းလာပြီး Ulti ထုတာကတော့ နည်းသွားပါတယ်