KOF နဲ့ Collaboration ပြီးရင် လူကြိုက် အများဆုံးဖြစ်တဲ့ 𝙅𝙅𝙆 𝙀𝙫𝙚𝙣𝙩 ပြန်လာပါပြီ။ 𝐉𝐉𝐊 𝐒𝐞𝐫𝐢𝐞𝐬 ဟာ နာမည်ကျော် Anime Series တစ်ခုဖြစ်ပြီး 𝐆𝐨𝐣𝐨 ရဲ့ လွှမ်းမိုးမှုကြောင့်လည်းFan base အများကြီးရှိနေပါတယ်။ 𝐌𝐥 × 𝐉𝐉𝐊 ရဲ့ Collaboration ကတော့ Player တွေအကြိုက်ပါပဲ Collab Skin တွေအားလုံးကအမိုက်စားတွေပဲဖြစ်လို့ မလိုချင်တဲ့သူမရှိနိုင်ပါဘူး။ အခုလောလောဆယ် Hot နေတဲ့ Yin ရဲ့ 𝐈𝐭𝐚𝐝𝐨𝐫𝐢 𝐘𝐮𝐣𝐢 𝐒𝐤𝐢𝐧 ဟာလည်း Ultimate သုံးတဲ့အခါမှာ 𝐒𝐮𝐤𝐮𝐧𝐚 𝐅𝐨𝐫𝐦 ပြောင်းပြီး Domain ထဲရောက်သွားမှာဖြစ်လို့ ပိုပြီးမိုက်နေပါသေးတယ်။ ထုံးစံအတိုင်း ဒီလိုအမိုက်စား Skin တွေကို အသက်သာဆုံးဘယ်လိုရနိုင်မလဲဆိုတာကို ဒီနေ့ပြောပြပေးသွားပါမယ်။ Event က June 8 ရက်နေ့မှာစမှာဖြစ်ပြီး July 13 ရက်နေ့အထိ စုစုပေါင်း 36 ရက်ကြာမှာပါ။ 𝐉𝐉𝐊 Skin 1 ကောင်ကို 𝐉𝐉𝐊 Crest 1200 နဲ့လဲပြီးယူလို့ရမှာဖြစ်ပါတယ်။ ကိုယ့်မှာရှိပြီးသားဆိုရင်လည်းGift လို့ရမှာပါ။ 𝐉𝐉𝐊 Recall ကိုတော့ 300 Crests နဲ့လဲလို့ရမှာပါ။ Moontoon ရဲ့ထုံးစံအတိုင်း 1× Draw ကို 50 Dia ကုန်ကျမှာဖြစ်ပြီး Daily First Draw ကတော့ 25 Dia ပဲကုန်ပါမယ်။ 10× Draw ကိုတော့ ဘာ Discount မှမပါဘဲ 450 Dia ကုန်ကျမှာဖြစ်ပါတယ်။ ► 20 Draws - 1 Cursed Charm Token ► 60 Draws - Large Horn တစ်ခု ► 130 Draws - Cursed Charm Token 10 ခု ► 160 Draws - 100 Crests ► 190 Draws - 180 Crests အသီးသီးရသွားမှာပါ။ Ml Event တွေရဲ့ ပုံစံအတိုင်းပါပဲ Recharge Phase နှစ်ခုလာမှာပါ။ Phase 1 ကတော့ June 15 ရက်နေ့လာမှာပါ။ Dia 250ဖြည့်ပြီး 𝙅𝙅𝙆 𝙀𝙫𝙚𝙣𝙩 မှာသုံးရင် လှည့်ဖို့ Token 29 ခုရမှာပါ။ Phase 2 လည်းအတူတူပါပဲ Dia 250 ဖြည့်ပြီး 𝙅𝙅𝙆 𝙀𝙫𝙚𝙣𝙩 မှာသုံးရင် Token 29 ခုရပါမယ်။ သူကတော့ June 29 ရက်နေ့လာမှာပါ။ ဒီနေ့ Phase နှစ်ခုကနေ စုစုပေါင်း 58 ကြိမ်တောင်လှည့်ခွင့်ရမှာပါ။ 𝙅𝙅𝙆 Skin ကိုဈေးအနည်းဆုံးရဖို့ ဘယ်လိုဖောက်မလဲပြောပြပေးသွားပါ့မယ်။ ဘာ phase မှမစောင့်ဘဲ လာလာချင်း တန်း ဖောက်မယ်ဆိုရင်တော့ Dia 5400 လောက်ကုန်ပါမယ်။ Phase တွေကိုစောင့်ပြီး အသက်သာဆုံး ဖောက်မယ်ဆိုရင်တော့ Event စလာတဲ့ June 8 ရက်နေ့မှာ Wp တစ်ခု၀ယ်ရပါမယ်။ June 8 ကနေစပြီး Phase 1 မလာခင် June 14 အထိ နေ့တိုင်း တစ်နေ့ကို တစ်ကြိမ်စီ ဖောက်သွားရပါမယ်။ Recharge Phase 1 လာတဲ့ June 15 ရက်နေ့မှာတော့ 257 Dia ရယ် Wp နှစ်ခုရယ် Recharge လုပ်ရပါမယ်။ အဲ့နေ့မှာပဲ 10x Draw တစ်ကြိမ် 1x Draw တစ်ကြိမ်လှည့်ရပါမယ် Dia လည်းသုံးလိုက်ပြီ ဖြစ်တာကြောင့် Token 29 ခုလည်းရပါမယ်။ June 16 မှာ Daily Draw တစ်ကြိမ်လှည့်ပါမယ်။ June 17 မှာတော့ Dia ကုန်သွားပြီဖြစ်တာကြောင့် Wp တစ်ခုထပ်၀ယ်ရပါမယ်။ ပြီးရင် 28 June အထိ Daily Draw တစ်ကြိမ်စီနေ့တိုင်းလှည့်သွားရပါမယ်။ June 29 မှာတော့ Phase 2 လာပြီဖြစ်လို့ 257 Dia ရယ် Wp 3 ခုရယ် Recharge လုပ်ဖို့လိုပါတယ် Phase 1 တုန်းကအတိုင်း 10x Draw နဲ့ 1x Draw လှည့်ရပါမယ် Token 29 ခုလည်းထပ်ရပါဦးမယ်။ အပေါ်ကကျွန်တော်ပြောတဲ့အတိုင်းလုပ်လာခဲ့မယ်ဆိုရင်တော့ ဒီအချိန်မှာ အကြိမ် 100 လှည့်ပြီးဖြစ်ပါတယ် ။ ပျမ်းမျှအားဖြင့် 10 ကြိမ်လှည့်တိုင်းမှာ 100 Crest လောက်ရတာဖြစ်လို့ ဒီအချိန်ဆို Crest 1000 လောက်ရှိနေပါပြီ။ June 30 ကနေ July 12 ရက်နေ့အထိ Daily Draw တစ်ကြိမ်စီလှည့်သွားရပါမယ်။ ဒါဆို 114 ကြိမ်တောင်လှည့်ပြီးသားဖြစ်နေပါပြီ။ July 13 မှာ Eventပြီးမှာဖြစ်လို့ ကိုယ့်မှာလိုတဲ့ Crest ကိုအခြေအနေကြည့်ပြီး ဆက်ဖောက်သွားရပါမယ်။ ကံကောင်းရင်တော့ 114 Draw လောက်နဲ့လည်း 1200 Crest ပြည့်နိုင်ပါတယ်။ Total ကတော့ 1750 Dia ကနေ 2150 အထိ ကံအပေါ်မူတည်ပြီး ကုန်နိုင်ပါတယ်။ စုစုပေါင်းကတော့ Wp 7 ခုနဲ့ 257 Dia နှစ်ကြိမ်၀ယ်ဖို့လိုပါတယ်။ မြင်တာနဲ့ရှိန်နေရမယ့် 𝙅𝙪𝙟𝙪𝙩𝙨𝙪 𝙆𝙖𝙞𝙨𝙚𝙣 𝙎𝙠𝙞𝙣 တစ်ကောင်ကို မြန်မာငွေ 80000 ၀န်းကျင်နဲ့ရနိုင်တာကြောင့် Skinလည်း လိုချင်တယ် ပိုက်ဆံလည်း သိပ်မကုန်ချင်ဘူးဆိုရင် ဒီနည်းအတိုင်းဖောက်ကြည့်နိုင်ပါတယ်။