Ml မှာ Starlight Skin တွေကို အမြဲ၀ယ်ဖြစ်တဲ့သူ ဒါမှမဟုတ် Starlight Skin တွေကို စောင့်ကြည့်မိတဲ့သူဆိုရင် ခုနောက်ပိုင်းတွေမှာ Starlight Skin တွေ Quality ပိုကောင်းလာတာကိုသတိထားမိကြမှာပါ အခုလိုဖြစ်လာတာဟာ အကြောင်းအမျိုးမျိုးရှိနိုင်ပြီးအခြား အပြိုင် Moba Gameတွေလည်း ရှိလာတာနဲ့လည်း ဆိုင်မှာပါ အခြား Game တွေမှာပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ Skin Effect တွေလှလွန်းတာကြောင့် ML Player တွေ ညည်းကြတာ တွေ့ဖူးမှာပါ ဒါကြောင့်ပဲနောက်ပိုင်း Starlight Skin တွေဆိုရင် Quality သိသိသာသာပိုကောင်းလာပြီး Skill Effect တွေလည်း ထင်းနေအောင်မြင်ရတတ်ပါတယ် June လမှာထွက်မယ့် Starlight Skinကတော့ မကြာခင်က Revamp ထားတဲ့ Helucart ရဲ့ Dream Prowler Skin ဆိုတာ Confirm ဖြစ်သွားပါပြီ အခြားသူတွေအတွက်တော့ မသိပေမယ့် ဒီ Skin က ကျွန်တော့်အတွက်တော့ အတော်လေးUnique ဖြစ်တယ်လို့ ခံစားရပါတယ် အခြား Skin တွေနဲ့ မတူတဲ့ Vibe တစ်ခုကိုပေးနိုင်တာတော့အမှန်ပါ ပြီးတော့ Skin ကိုစမြင်မြင်ချင်း စိတ်ထဲမှာ ပြေးမြင်မိတာကတော့ How To Train Your Dragon ထဲက Toothless ပါပဲ Darkဖြစ်တဲ့ Helcurt လို Hero မျိုးကို ပြောင်ချော်ချော်မျက်နှာနဲ့ထုတ်ပေးထားတာလေးကလည်း တစ်မျိုးမိုက်တာပါပဲ Starlight Pass တွေရဲ့ ထုံးစံအတိုင်း Dia 300 ဒါမှမဟုတ် Starlight Card တစ်ခုနဲ့၀ယ်နိုင်မှာပါ