လာမယ့် Update မှာ Moba Game တွေရဲ့ အရေးကြီးတဲ့ Objective တွေထဲတစ်ခုဖြစ်တဲ့ Lord ကြီးကို Moontoon က Boost ပေးတော့မှာဖြစ်ပါတယ် အသိသာဆုံးကတော့ Life Drain Effect ထည့်ပေးလိုက်တာပါ ( သွေးမတက်အောင်တားတဲ့ Effect ပါ ) အရင်ကလို ကိုယ့် Hero ကသွေးတက်ကြမ်းတာပဲဆိုပြီး Lord ကို Solo လာဗျင်းတာတွေ ဘာတွေလုပ်လို့မရတော့ပါဘူး တစ်ခုရှိတာက ဒီ effect ဟာ Lord ချတာကိုခံရရုံနဲ့ ချက်ချင်းသက်ရောက်မှာမဟုတ်ဘဲ Lord က ကိုယ့်ကို Basic Attack ငါးချက်ရိုက်လိုက်မှ စပြီး Activate ဖြစ်မှာပါ Lord ရဲ့ Skill နဲ့ထိသွားရင်တော့ ချက်ချင်းသက်ရောက်ပါတယ် နောက်တစ်ခုကတော့ Lord ကို Dmg Buff ပေးမှာပါ 1 sec တိုင်းမှာ Physical Penetration ကို 10% တိုးပေးမှာဖြစ်ပြီး 10s အထိ ဆိုရင် 100% Physical Penetration နဲ့ Lord ရိုက်တာခံရမှာပါ 100% က Maximum ဖြစ်ပြီး အဲ့ထက်တော့ပိုမများလာတော့ပါဘူး Lord က Tower တွေကို ရိုက်တဲ့အခါမှာလည်း ပိုပြီးကြည့်လို့လှအောင် Animation အသစ်ထည့်ထားပါသေးတယ် Aquaman လိုမျိုး Spear ကြီးနဲ့ ဇွတ်ဆိုလှမ်းထိုးလိုက်တာပါ ကျွန်တော်တော့ သဘောကျပါတယ် အချုပ်အနေနဲ့ကတော့ အရင်တုန်းကလို Lord ကို လွယ်လွယ်လေးသတ်လို့မရတော့ပါဘူး Jungler တွေအနေနဲ့ Lord သတ်နိုင်ဖို့အတွက် Item အသင့်အတင့်ရှိဖို့လိုလာပါပြီ