Item အသစ်များ


ဒီ Item တွေဟာ Advanced Sever မှာ သုံးလို့ရနေပါပြီ Official Sever ကိုတော့ နောက် Update မှာ ရောက်လာမှာပါ Item အသစ် 3 ခုတောင် ရောက်လာမှာဖြစ်ပြီး တစ်ခုချင်းစီက Unique ဖြစ်တဲ့ Abilitiesတွေ Effectတွေ ပါပါတယ် ဟိုနေ့က တစ်ခုဖော်ပြပြီးဖြစ်တာကြောင့် ဒီနေ့ ကျန်တဲ့နှစ်ခုအကြောင်းကို ပြောပြပေးသွားပါ့မယ် (2) Item အသစ် - Wishing Latern Stats တွေက +70 Magic Power နဲ့ +10% Cooldown Reduction ပါ ဒီတစ်ခုကတော့ Magic Item ပါ သူ့ရဲ့ Passive က ရန်သူကို Magic Dmg 500 ပေးနိုင်တိုင်း Projectile တစ်ခုနဲ့ ရန်သူကိုပစ်မှာပါ (Cecilion ရဲ့ Ulti ကလို projectile အသေးလေးတွေပါ ) Projectile တစ်ခုစီဟာ Enemy Max Hp ရဲ့ 6% ကို True Damage အဖြစ်ထိစေမှာပါ Dmg ကြမ်းတဲ့ Mage Hero တွေမှာသာ ဒီ Item ထည့်ထားရင်တော့ မျက်စိနောက်လောက်အောင် projectile တွေထွက်နေမှာပါ ဒါ့အပြင် Passive မှာ cd မရှိတာကြောင့် အတော်လေးမိုက်တဲ့ Item တစ်ခုပါ ရန်သူရဲ့ Max Hp ပေါ်အခြေခံပြီး Dmg ပေးတာဖြစ်လို့ Tank တွေ Fighter အမာကြီးတွေကို ဖြိုဖို့ ထွက်လာတဲ့ Item တစ်ခုဆိုလည်း မမှားပါဘူး (3) Item အသစ် - Malefic Gun Stats အနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် + 45 Physical Attack + 25% Attack Speed + 15% Life Steal Marksman တွေအတွက် ထွက်လာတာပါ အစကတော့ Wind Of Nature တို့လိုမျိုး Active Skill ပါတဲ့ Item တစ်ခုဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ Rework လုပ်လိုက်ပါပြီ Rework ထားတဲ့ Effect အသစ်ကတော့ Skill တစ်ခုခုသုံးလိုက်တာနဲ့ကိုယ့်ရဲ့ Attack Range ကို 15% 3sec ကြာတိုးပေးမှာပါ Cd ကတော့ 6 sec ရှိပါတယ် နောက် Passive အနေနဲ့ကတော့ Basic Attack နဲ့ချရင် Movement Speed ကို 15% တိုးပေးမှာပါ Irithel တို့လိုမျိုး ပြေးရင်းပစ်ရတဲ့ကောင်မျိုးဆို အဆင်ပြေပါတယ် 15% ms တိုးပေးတာကြောင့် MM တွေအတွက် Position ယူရပိုကောင်းသွားမယ်လို့ထင်ပါတယ် MM တွေအတွက် လိုအပ်တဲ့ Range ရော Critical Chance ရော MS ပါတိုးပေးနိုင်တာကြောင့် အတော်လေးမိုက်တဲ့ item တစ်ခုပါ (Fun Fact - ဒီ Item ရဲ့ နာမည်ဖြစ်တဲ့ Malefic Gun ဟာ Layla ကိုင်တဲ့သေနတ်နာမည်နဲ့အတူတူပဲဖြစ်ပါတယ် ) Advanced Sever မှာစမ်းသပ်နေဆဲ ဖြစ်တာကြောင့် အချက်အလက်ကတော့ အပြောင်းအလဲအမျိုးမျိုးရှိလာနိုင်ပါတယ် Effect တွေပြောင်းသွားတဲ့ အခြား Item တွေအကြောင်းလည်း ပြောပြပေးသွားပါဦးမယ်