Mage တွေအတွက် အမြဲလိုလို ဆက်နေရတဲ့ Item နှစ်ခုဖြစ်တဲ့ Glowing Wand နဲ့Necklace Of Durance ကိုပေါင်းပြီး Item တစ်ခုအဖြစ် သပ်သပ်ထားတော့မှာပါ Necklace ရဲ့ သွေးလျှော့တဲ့ Life Drain Effect ကို Glowing Wandထဲကိုပေါင်းထည့်တော့မှာဖြစ်ပါတယ် ဒီတော့ Necklace က Item List ထဲကနေ ပျောက်သွားမှာပါ Glowing Wand ရဲ့ ပုံစံကိုလဲ ပြောင်းပေးထားပါသေးတယ် Glowing Wand ပုံစံအဟောင်းကို Necklace ရဲ့ ခရမ်းရောင် Theme နဲ့ပေါင်းပေးထားတာပါ Glowing Wand ဆက်လိုက်ရုံနဲ့ Burning Effect ရော Life Drain Effect ရောပါ ရနိုင်မှာပါ အတော်လေးမိုက်တဲ့ Effect နှစ်ခုကိုပေါင်းပေးထားတာဖြစ်လို့ တစ်ဖက်မှာလည်း Item Price ကို +200 gold တိုးထားပါတယ် 1950 ကနေ 2150 ဖြစ်သွားပါပြီ