Popularity ကျနေပြီး ဘယ်သူမှအဖက်မလုပ်ခံရတဲ့ Hero ကိုပြပါဆိုရင် Hanzo က သေချာပေါက်ပြခံရမယ့်ကောင်ပါ
Assassin တစ်ကောင်ဖြစ်နေပေမယ့် သူ့ရဲ့ Hero Natureအရ ကိုယ်ကလိုက်မချရပဲ Ulti သုံးနေချိန် Body အစစ်ကိုချခံရမှာပဲကြောက်နေရတဲ့ကောင်ပါ
Jungler လည်း မဟုတ် Roamerလည်းမဖြစ်နဲ့ အတော်လေး အဆင်မပြေတဲ့ Hero တစ်ကောင်ပါ
ဒါကြောင့်လည်း Moontoon က Update မှာ Hanzo ကို Revamp ပေးတော့မှာပါ
Revamp ထားတဲ့ Passive နဲ့ Skill တွေကို နားလည်လွယ်အောင်ရှင်းပြသွားပါ့မယ်
Passive
Hanzo ရဲ့ Basic Attack ကြောင့်ပဲဖြစ်ဖြစ် ၊ Skill ကြောင့်ပဲဖြစ်ဖြစ် Enemy ကို Dmg ထိသွားခဲ့မယ်ဆိုရင် Ninjutsu Stack လေးတစ်ခုခေါင်းပေါ်မှာပေါ်လာပါမယ် အများဆုံး Stack 5 ခုထိ စုလို့ရပါတယ် ဒီ Stack လေးတွေ များလေလေ Skill 1 ရဲ့ Dmg ကလည်း များလေလေပါ
Skill 1
သာမန်အတိုင်းပဲ ဓားနဲ့ခုတ်လိုက်ပြီး Dmg အနည်းငယ်ထိစေမှာပါ
Stack တွေရှိတဲ့ Enemy ကိုချရင်တော့ Dmg တိုးပါတယ်
Stack 1 ခုကို Dmg 20% နဲ့ Stack အပြည့် 5 ခုဆိုရင်တော့ 100% Dmg တစ်နည်းပြောရရင် Dmg နှစ်ဆထိစေမှာပါ
Stack မပြည့်တဲ့အချိန် Minion တွေ Creep တွေပေါ်ကိုသုံးရင်လည်း ဒီတိုင်းပဲ ခုတ်လိုက်မှာပါ
Full stack နဲ့ဆိုရင်တော့ အရင်တုန်းက Skill 1 လိုမျိုး မျိုချလိုက်မှာပါ
Ulti သုံးထားတဲ့အချိန်မှာဆိုရင်လည်း အတူတူပါပဲ
ဒါပေမယ့် Full stack မှာ တော့ 100% Dmg အပြင် Enemy Lost Hp ရဲ့ 25% ကိုပါပေါင်းပြီး ထိစေမှာဖြစ်တာကြောင့် Dmg ပိုတိုးသွားပါတယ်
ပြီးတော့ ကိုယ့် lost Hp ရဲ့ 30% ကိုလည်း ပြန်တက်စေမှာပါ
Skill 2
Hanzo ကရှေ့ အကွာအဝေးတစ်ခုကို Dash လုပ်လိုက်မှာဖြစ်ပြီးသူ့နောက်မှာ လမ်းကြောင်းတစ်ခုကျန်နေခဲ့မှာပါ ဒီထဲမှာရှိတဲ့ Enemy တွေကို Dmg နဲ့ Slow Effect ထိစေမှာပါ
Ulti သုံးထားရင်လည်း ဒီအတိုင်းပါပဲ
ဒါပေမယ့် Dmg ကပိုတိုးသွားပြီး ရန်သူကို လေပေါ်လည်း မြောက်သွားစေဦးမှာပါ
Blink Skill အဖြစ်အသုံးပြုလို့ရတာကြောင့် ထွက်ပြေးဖို့ရော လိုက်ချဖို့အတွက်ပါ အဆင်ပြေပါတယ်
Ultimate
Ultimate ကိုသုံးလိုက်ရင်တော့ အရင်တုန်းကလိုပဲ Hanzo ရဲ့ ခန္ဓာကိုယ်ကနေ အရိပ်တစ်ခုထွက်သွားပြီး Hanakage Form ဖြစ်သွားမှာပါ အဲ့လိုဖြစ်နေတဲ့အချိန်မှာ 1s ကို 12.5 Energy ကုန်နေမှာပါ blue buff စားထားရင်တော့ ဒီထက်ပိုလျော့နိုင်ပါတယ်
တစ်ခုရှိတာကအရင်တုန်းကလိုမျိုး Ulti သုံးလိုက်ရင် ကျန်ခဲ့တဲ့ Body ကို အနိုင်ကျင့်ချင်တိုင်းကျင့်လို့မရတော့ပါဘူး ဒီ body က untargetable ဖြစ်သွားပါတယ် ချလို့မရပါဘူး
တစ်ခုရှိတာက Hanakage Form နဲ့သေသွားခဲ့ရင် အဲ့အရိပ်ရှိတဲ့နေရာထိ Body အစစ်ကလိုက်လာပြီး Hp ပမာဏအနည်းငယ်ကိုလည်းရရှိမှာပါ
ဒီတော့ Battle ထဲမှာ သေသွားခဲ့ရင် Body အစစ်ပါလိုက်လာမှာဖြစ်ပြီး ပြန်ထွက်ဖို့ခက်ခဲသွားနိုင်ပါတယ်
ဒါကြောင့် အတင်းချမနေဘဲ ကိုယ့်ရဲ့သွေးနဲ့ Energy Bar ကိုအမြဲကြည့်နေဖို့လိုပါတယ်