Energy Bar နဲ့လာမယ့် Saber


Saber ဟာလည်း Fanny , Ling တို့လိုပဲ Mana အစား Energy ဖြစ်သွားပါပြီ
Saber ကလည်း Lancelot လိုပါပဲ
Skill 1 တစ်ခုတည်းကပဲ Energy ကုန်မှာဖြစ်ပြီး ကျန်တဲ့ Skill တွေကတော့ Cd စောင့်ပြီးသုံးရုံပါပဲ
Energy ကုန်မှာမဟုတ်ပါဘူး

Saber ရဲ့ Play styleက Map တစ်ခုလုံးမှာ Vision ကောင်းကောင်းယူပြီး Enemy Core တွေကို တိတ်‌တိတ်လေး လိုက် Aim ရတဲ့ကောင်မျိုးပါ
Map မှာပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ Cancer ပေးရမယ့်ကောင်မျိုးဖြစ်တာကြောင့် Battleတွေမှာ ဝုန်းဒိုင်း၀င်ကြဲစရာမလိုပါဘူး ကြဲလို့လည်းမရပါဘူး ဒါကြောင့် Energy အပေါ်မှာ အရမ်း Demand ဖြစ်တဲ့ Hero မျိုးမဟုတ်ပါဘူး
ဒါကြောင့် ဒီ Energy အပြောင်းအလဲဟာ Saber အပေါ်မှာ အရမ်းကြီး Impact မရှိပါဘူး

Saberအနေနဲ့ Lancelot ထက်ပိုကောင်းတာက Skill 1 သုံးပြီး Energy ကုန်နေရင်တောင် Skill 2 / Ultimate တွေသုံးပြီး ဓားနဲ့လိုက်ပိုင်းမယ်ဆိုရင် Energy ပြန်တက်လာဦးမှာပါ