Exorcist Event Is Coming (1 Exorcist = 90000ks )


Skin Series တွေထဲမှာ အကြမ်းဆုံးတွေထဲက တစ်ခုဖြစ်တဲ့ Exorcist Skin တွေဟာ Player တွေကြားမှာ လူကြိုက်များပါတယ် Skill Effect တွေလှပြီး အရောင်တောက်တောက်နဲ့ တကယ်လည်း မက်လောက်စရာ Skin တွေပါ လောလောဆယ်အထိ Exorcist Skin တွေအဖြစ် Yu Zhong နဲ့ Kagura နှစ်ယောက်ပဲရှိသေးပေမယ့် နောက်လာမယ့် Event မှာတော့ Hayabusa နဲ့ Granger အတွက်ပါ Exorcist Skin တွေ ထွက်လာတော့မှာပါ ဒီတစ်ခေါက်လာမယ့် Exorcist Eventဟာ အရင် Eventထက် ရက်ပိုနည်းတာကြောင့် အရင် Event နဲ့စာရင် Diamond အနည်းငယ်ပိုကုန်နိုင်ပါတယ် Exorcist Skin တွေကို အကုန်အကျအနည်းဆုံးနဲ့ယူလို့ရမယ့်နည်းကိုပြောပြပေးပါ့မယ် Eventဟာ May 18 ရက်မှာစမှာဖြစ်ပြီး June 16 အထိကြာမှာပါ 1× Draw ကို 50 dia ကုန်မှာဖြစ်ပေမယ့် Daily Discount ရှိတာကြောင့် 25 dia နဲ့လှည့်သွားလို့ရပါမယ် 10× Drawကတော့ Discount မရှိဘဲ 450 Dia ကုန်ပါမယ် Draw Rewards တွေကတော့ 20 Draw မှာ လှည့်ဖို့ Token တစ်ခုရပါမယ် 60 Draw မှာ Magic Potion တစ်ဗူးရပါမယ် 130 Draw မှာ Token 10 ခုရပါမယ် 190 Draw မှာ 280 Sigil ရပါမယ် (Sigil တွေက Exorcist Skin နဲ့ Exchange လုပ်တဲ့နေရာမှာသုံးရမှာပါ ) Exorcist Skin တစ်ခုကို 1200 Sigil နဲ့ လဲပြီးယူလို့ရပါမယ် Exorcist Granger နဲ့ Exorcist Hayabusa အပြင် အရင် Skin အဟောင်းတွေဖြစ်တဲ့ Kagura နဲ့ Yu Zhong တို့ပါပြန်ပါ‌လာပါတယ် Recall Effect ‌ကတော့ 300 Sigilနဲ့ လဲယူလို့ရပါမယ် Recall အဟောင်းရော အသစ်တစ်ခုရော ပါလာပါတယ် Recharge Phase နှစ်ခုလာပါမယ် May 25 မှာ Phase 1 လာမှာဖြစ်ပြီး Diamond 250ဖြည့်ပြီး သုံးတာနဲ့ 29 Token ရပါမယ် June 8 မှာတော့ Phase 2 လာမှာပါ Task တွေက Phase 1 နဲ့အတူတူပဲဖြစ်တာကြောင့် Diamond 250 ဖြည့်ပြီး သုံးလိုက်တာနဲ့ Token 29 ခုရပါဦးမယ် Phase 1 နဲ့ Phase 2 နှစ်ခုပေါင်းမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ စုစုပေါင်း Token 58 ခုရပါမယ် အခုကျွန်တော်တို့ Diamond သုံးပြီး Draw လှည့်နည်းကိုပြော‌ပါမယ် နည်းနည်းများတာကြောင့်သေချာဂရုစိုက်ပြီး ဖတ်ပေးပါ Event စလာလာချင်း May 18 ရက်မှာ ပထမဆုံး Weekly Pass တစ်ကြိမ်၀ယ်လိုက်ပါ ပြီးရင်တော့ တစ်နေ့ကို တစ်ကြိမ်ဆီ 25 Dia နဲ့ 24ရက်နေ့အထိ လှည့်သွားရပါမယ် Total 7 ကြိမ်လှည့်ပြီးသားဖြစ်ပါမယ် May 25 ရက်မှာတော့ Recharge Phase 1 လာမှာဖြစ်တာကြောင့် Dia 514 လုံး နဲ့ Weekly Pass တစ်ကြိမ် ၀ယ်ရပါမယ် အဲ့နေ့မှာပဲ 10× တစ်ကြိမ်နဲ့ 1× တစ်ကြိမ်လှည့်ရပါမယ် ဒါဆိုရင် Recharge Phase ကနေလည်း 29 Tokens ရပါမယ် ပြီးရင် 20 Draw ပြည့်သွားတဲ့အတွက်လည်း Token တစ်ခုထပ်ရပါမယ် ဒီနေ့မှာတင် 41 Draw ရပါမယ် အပေါ်က 7 Draw နဲ့ပေါင်းလိုက်ရင် စုစုပေါင်း 48 Draws ရသွားပါပြီ May 26 ကနေ May 31 ရက်အထိ 1× တွေထပ်လှည့်သွားရပါမယ် Total 54 Draw ရသွားပါပြီ June 1 ရက်နေ့မှာ Recharge Phase 2 လာပြီဖြစ်တာကြောင့် Dia 514 လုံးနဲ့ Weekly Pass နောက်တစ်ကြိမ်ထပ်၀ယ်ရပါမယ် Phase 1 တုန်းကလိုပဲ 10× တစ်ကြိမ်နဲ့ 1× တစ်ကြိမ်လှည့်ရမယ် 29 token ရမယ် အပေါ်ကဟာတွေနဲ့ပေါင်းလိုက်ရင် စုစုပေါင်း 94 Draws ရပါပြီ June 2 ကနေ June 15 ရက်နေ့အထိ25 Dia နဲ့ 1× လှည့်သွားရပါမယ် ကြားထဲမှာ Diamond မပြတ်သွားဖို့အတွက် June 9ရက်နေ့မှာ Weekly Pass နောက်တစ်ကြိမ်ထပ်၀ယ်ရပါမယ် June 15 ရက်နေ့အထိဆိုရင် စုစုပေါင်း 107 Draw ရနေပါပြီ ပျမ်းမျှအားဖြင့် 10× Draw မှာ 100 Sigilsလောက်ရနိုင်တာကြောင့် အခုချိန်မှာဆိုရင် ကျွန်တော်တို့မှာ 1100 Sigils လောက်ရနေနိုင်ပါတယ် June လ 16 ရက်နေ့ကတော့ Event နောက်ဆုံးရက်ဖြစ်တာကြောင့် ကိုယ့်မှာရှိတဲ့ Sigil အပေါ်မူတည်ပြီး လိုသလောက်ထပ်လှည့်ရမှာပါ ကိုယ့်မှာ 1100 လောက်ပဲရှိရင်တော့ 10× တစ်ကြိမ်လှည့်သင့်ပြီး 1150နဲ့အထက်ဆိုရင်တော့ 1×တွေလှည့်ပြီး လိုသလောက်ယူနိုင်ပါတယ် ကျွန်တော်ပြောတဲ့အတိုင်း Dia ဖြည့်လာခဲ့ရင်အခုချိန်မှာ Dia 200 ကျော်လောက်ကျန်နေဦးမှာပါ နောက်ထပ်လိုတာလေး ထပ်ဖြည့်လိုက်ရင် 1200 Sigils ပြည့်ပြီး ကိုယ်လိုချင်တဲ့ Skin ရွေးယူနိုင်ပါပြီ ကိုယ့်ရဲ့ကံအပေါ်မူတည်တာကြောင့် စုစုပေါင်းကုန်မယ့် Dia က 1600 - 2175 ကြားမှာ ရှိပါတယ် အနည်းဆုံး‌တော့ Weekly pass 4 ကြိမ်နဲ့ 514 Dia နှစ်ကြိမ်၀ယ်ဖို့လိုပါတယ် အဲ့တာက‌စုစုပေါင်း 8 သောင်း၀န်းကျင်းလောက်ကုန်မှာပါ ဒီတော့ Exorcist တစ်ကောင်အတွက် 9သောင်းလောက်နဲ့ ရနိုင်ပါတယ် Official Sever ရောက်လာတဲ့အခါမှာ အပြောင်းအလဲအနည်းငယ်ရှိနိုင်ပါတယ်