Collection System အကြောင်း


Mobile Legends ဟာ အခုနောက်ပိုင်းမှာ HOK လို Grow ဖြစ်လာတဲ့ ပြိုင်ဘက်တစ်ယောက်ရှိလာတာကြောင့် မတူညီတဲ့ Event တွေ မတူညီတဲ့ System အသစ်တွေနဲ့ Player တွေကို ဆွဲဆောင်နေပါတယ် ဒီတစ်ခေါက်မှာတော့ ကိုယ့်မှာရှိတဲ့ Skin အရေအတွက် နဲ့ Skin တွေရဲ့ တန်ဖိုးအပေါ်မူတည်ပြီး Level တွေခွဲပေးမယ့် Collection System တစ်ခုကို ထည့်သွင်းတော့မှာဖြစ်ပါတယ် လက်ရှိသိထားသလောက်ကတော့ Collector Level 8 လောက်အထိရှိမှာဖြစ်ပြီး Level တစ်ခုချင်းစီမှာ မတူညီတဲ့ Rewardsတွေပေးသွားမှာပါ Level 1 မှာ Emote တစ်ခုကို မဲဖောက်ပြီးယူနိုင်မှာပါ Level 2 မှာဆိုရင်တော့ သတ်မှတ်ထားတဲ့ Basic Skin 12 ခုထဲက ကြိုက်ရာတစ်ခုကိုရွေးယူလို့ရမှာပါ Level 3 မှာဆိုရင် သတ်မှတ်ထားတဲ့ Special Skin 12 ကောင်ထဲက ကြိုက်ရာတစ်ခုကိုရွေးယူလို့ရပါမယ် Level 4 နဲ့ 5 မှာတော့ Skin မရတော့ဘဲနဲ့ Avatar Border လိုမျိုး အခြား Reward တွေပေးသွားမှာပါ Level 6 မှာတော့ အားလုံးသိကြတဲ့အတိုင်းပဲ Skin အကြမ်းစား 4 ကောင်ထဲကတစ်ကောင်ကို‌ရွေးလို့ရမှာပါ Alice - Collection Epic Fanny - Valentine Claude - Valentine Sun - Lunar Feast အားလုံးက လှတဲ့ Skin တွေဆိုပေမယ့် Alice Skin ယူဖို့ Recommend ပေးပါတယ်ဗျ တန်ဖိုးသတ်မှတ်ချက်နဲ့၀ယ်လို့ရတာမဟုတ်ဘဲ ဒီနေရာကနေပဲရနိုင်တာဖြစ်လို့ ရဖို့ခက်တဲ့ Exclusive Skin ဖြစ်လာနိုင်ပါတယ် Collector Level 3 ရောက်ဖို့ Collection Point 10000လိုပြီး Level 6 အထိရောက်ဖို့ဆိုရင် Collection Point 72000 လိုပါတယ် Collection point ကတော့ ကိုယ့်မှာရှိတဲ့ Skin တွေအပေါ်မူတည်ပြီး ခွဲပေးသွားမှာပါ Skin အမျိုးအစားတွေကများတဲ့အတွက်ခွဲပြောလို့မလွယ်ပါဘူး ပုံမှာကြည့်ပြီး ရမယ့် Collection Point ကိုသိနိုင်ပါတယ် ဒီ System နဲ့အတူ Feature အသစ်အနေနဲ့ ကိုယ့်အကောင့်ထဲကို၀င်ကြည့်တဲ့အခါ ကိုယ့်မှာရှိတဲ့ Skin 8 ခုကို ကြွားလို့ရမှာဖြစ်ပါတယ် အနှစ်ချုပ်အနေနဲ့ကတော့ ဒီ Systemဟာ Player တွေရဲ့ ပိုင်ဆိုင်မှုကို အနီးစပ်ဆုံးပြပေးနိုင်မယ့် System တစ်ခုပါ Skin အရေအတွက်များတိုင်းလည်း Collector Level မမြင့်နိုင်ဘဲ ကိုယ့်မှာတကယ်တန်ဖိုးကြီးတဲ့ Skin တွေရှိမှသာ Collector Level အမြင့်ကိုရောက်နိုင်မှာပါ ဒီအချက်အလက်တွေဟာ Original Sever ရောက်ရင် အပြောင်းအလဲရှိနိုင်ပါတယ်