Aspirant Skinsတွေဟာ ခေတ်ရှေ့ပြေး ပုံစံနဲ့ထုတ်ထားတဲ့ Skinတွေဖြစ်ပြီး Animation တွေ Skin Design တွေ လည်းကောင်းတာကြောင့် လူကြိုက်များတဲ့ Skin Series တစ်ခုပါ
စုစုပေါင်း Skin 6 ခုထိ ထွက်ထားတာဖြစ်ပြီး
အခု တစ်ခေါက် Aspirant Event မှာတော့ Ruby , Layla , Angela နဲ့ Fanny 4 ယောက် ပါလာမှာပါ
ဒီ Event မှာလူတိုင်းကြိုက်မယ့် အချက်ကတော့
ပထမ 10 ခါလှည့်ပြီးတာနဲ့ ကိုယ့်မှာ မရှိသေးတဲ့ Epic Tierနဲ့အထက် Skin တစ်ခုကို သေချာပေါက်ရမှာပါ
Aspirant Event ရဲ့ Draw တွေကတော့ ပုံမှန် Event တွေထက်ဈေးပိုကြီးပါတယ်
1 Draw ကို 210 Dia ကျမှာဖြစ်ပြီး
Daily Discount 50% ကြောင့် 105 Dia နဲ့လှည့်လို့ရမှာပါ
10 Draw ဆိုရင်တော့ 2100 Dia ကုန်မှာဖြစ်ပြီး
ပထမ 10 Drawကို 50% Discount ပေးထားတာကြောင့် 1050 Dia နဲ့လှည့်လို့ရမှာပါ
အပေါ်မှာပြောထားတဲ့အတိုင်း ပထမ 10 Draw ပြည့်ရင် Epic or Above Skin တစ်ခုရမှာပါ
ဒီမှာသိရမှာက တစ်ခါတည်း 10 ခါလှည့်မှ ရတာမဟုတ်ပါဘူး
1× Draw တွေလှည့်ရင်း 10 ခါပြည့်သွားရင်လည်း အကျုံး၀င်ပါတယ်
Recharge Phase တွေကရတဲ့ Token တွေနဲ့ လှည့်ရင်လည်း အတူတူပါပဲ
ဒီ Event ကတော့ Collector Event တွေလိုမျိုး Crest
နဲ့လဲယူရတာမဟုတ်ပါဘူး
တော်တော်များများသိပြီးသားဖြစ်မှာပါ
10 Draw လှည့်တိုင်းမှာ Orb Of Hope ဆိုတဲ့ အလုံးလေးတစ်ခုရမှာပါ အပေါ်ကနေ အဲ့အလုံးလေးကိုပစ်ချလိုက်မှာဖြစ်ပြီး အောက်မှာရှိတဲ့ Box သုံးခုထဲကတစ်ခုကို ထိသွားမှာပါ
Box တစ်ခုတည်းကို သုံးကြိမ်ထိတာနဲ့ က်ိုယ့်မှာမရှိသေးတဲ့ Aspirant Skin တစ်ခုရမှာပါ
အကယ်၍များ Aspirant Skin အားလုံးရှိပြီးသားဆိုရင်တော့ Collector Skin ရမှာပါ
တစ်ခုမှတ်ထားရမှာက 10Draw လှည့်တိုင်း ကိုယ့်မှာမရှိသေးတဲ့ Epic Skin ရတာမဟုတ်ပါဘူး
First 10 Draw မှာပဲ Unowned Epic Or Above Skin ရမှာပါ
နောက်ထပ် 10 Draw တွေမှာဆိုရင်တော့ ရှိပြီးသား Epic Skin လည်းပြန်ရနိုင်ပါတယ်
Aspirant Skin တွေဖောက်ဖို့ Pattern ကိုလည်းထပ်ရေးပေးပါဦးမယ်