Adv Severမှာပဲ တွေ့ရမယ့် Effectတွေဖြစ်ပြီး Official Severကိုရောက် မရောက်မသေချာပါဘူး
စမ်းသပ်ကြည့်လို့အဆင်ပြေတယ်ဆိုရင်တော့ Update Patch Noteတွေမှာထည့်ပေးမှာပါ
(1) Healing Turret
Lane သုံးခုလုံးမှာရှိတဲ့ကိုယ့်အသင်းရဲ့ First Towerတွေက Tower Range ထဲရောက်လာတဲ့ Teammate တွေကိုသွေးပြန်ပြည့်စေမှာပါ
ဒါပေမယ့် Base လိုမျိုး သွေးအပြည့်ထိတက်မှာတော့ မဟုတ်ဘဲ
Max Hp ရဲ့ ရာခိုင်နှုန်းအချို့ကိုပြန်ပြည့်စေမှာပါ
ဒါပေမယ့် Minion မဟုတ်တဲ့ ရန်သူတွေဆီက Dmg ထိမယ်ဆိုရင်တော့ ဒီ Healing Effect ကပျက်သွားမှာပါ (Regen လိုမျိူးပါပဲ)
Positioning နဲ့ Tower Defending အတွက် အကျိုးရှိမယ့် effect တစ်ခုပါ
(2) Lord's Aura
Lordကို Kill လိုက်တဲ့သူဟာ Lord's Aura ဆိုတဲ့ Effectကိုရမှာပါ
ဒီ Effect ရှိထားတဲ့သူက Enemy ကိုချတဲ့အခါမှာ Magic Dmg ပါ အပိုထိစေမှာပါ
ကြာချိန်ကတော့ 3 min ဖြစ်ပါတယ်
တစ်ခုမိုက်တာက Lord's Aura ရှိတဲ့ Hero ကို Enemy Team ကအခြားတစ်ယောက်ယောက်က သတ်လိုက်မယ်ဆိုရင် သတ်လိုက်တဲ့သူဆီကို ဒီ Effect ကရောက်သွားမှာပါ
နောက်တစ်ခုကတော့ Lordရဲ့ Hp ကိုလည်း လျှော့ထားပါသေးတယ်
First Lord ရဲ့ Hp 7000ကျော်ကနေ 6000 အထိလျှော့ထားပါတယ်
နောက်ပြီး In Game Scoreboard ထဲမှာလည်း
Thunder Belt နဲ့ Sky Piercer Item တွေရဲ့ Stack တွေ ဘယ်သူ့မှာ ဘယ်လောက်ရှိထားလဲဆိုတာကို ကြည့်လို့ရမှာပါ
Enemy ရော Teammateရော နှစ်ဖက်လုံးရဲ့ Stackတွေကိုမြင်ရမှာပါ