MM တစ်ကောင်ဖြစ်ပြီး Gold Lane မှာ ဘောင်မ၀င်တဲ့ Hero ဆိုရင် Granger ပါပဲ
ဆော့မရတာတော့ မဟုတ်ပေမယ့် Jungler ဆော့ရင်ပိုမိုက်ပါတယ်
Skill တွေက Early ထဲက Dmg ထွက်တာကြောင့် Pressure ပေးပြီး ဖိဆော့လို့ကောင်းပါတယ်
Granger ကအမှန်ဆိုရင် Revamp မလိုတဲ့ Hero တစ်ကောင်ပါ ဒါပေမယ့် Moontoon ကတော့ ဘာကြောင့်မှန်းမသိဘဲ Granger ကို Revamp ပေးလိုက်ပါတယ်
ထူးထူးခြားခြားအခြား Hero တွေလို မဟုတ်ဘဲ
သူက Energy Bar နှစ်မျိုးနဲ့လာတာပါ
အရင်တုန်းကလိုမျိုး ကျည်ဆံ 6 တောင့်မဟုတ်တော့ဘဲ အခုကတော့ ပိုပြီးပစ်လို့ရပါပြီ
Revamp ထားတဲ့ Passive ကတော့ Granger ဟာ Energy Bar နှစ်ခုပါမှာပါ တစ်ခုကတော့ Skill 1 အတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ Ultimate အတွက်ပါ
Skill 1 Rhapsody ကတော့ အရင်ကလို ကျည်ဆံ ၆ တောင့်ပစ်မှာမဟုတ်ဘဲ Energy Bar မကုန်မချင်း Cd မရှိ သုံးလို့ရမှာပါ
Skill 2ကတော့ နေရာတစ်ခုကို Blink လုပ်လိုက်မယ် ပြီးရင် Energy နည်းနည်းပြန်ပြည့်သွားပါမယ်
Ultimate ကလည်း Skill 1နဲ့တူပါတယ် Energy Bar မကုန်မချင်း Sonata ပစ်လို့ရမှာပါ
အရင်ထက်ပိုမိုက်သွားတာက အခုဆိုရင် Skill 1 ပစ်နေရင်းလည်း ကြားထဲမှာရုတ်တရက် Ulti ကောက်ပစ်လို့ရပါတယ်
မထင်ရင်မထင်သလို ပစ်လို့ရတာကြောင့် အရင်ထက်ပိုပြီး Firepower ထွက်ပါတယ်
Skill 1 ဟာ Energy ရှိသလောက် Spam လို့ရတာကြောင့် Lane Clearing ပိုင်းရော Battle မှာရော ပိုပြီး Dmg ပေးနိုင်မှာပါ
Hero Kill တွေ ရတိုင်း Minion တွေ Kill တိုင်းလည်း maximum energy capacity ကိုမြှင့်ပေးနိုင်တာကြောင့် Late Game ရောက်လေ Firepower ပိုထွက်လေပါပဲ