(1)Speed Up Baseကနေ စထွက်ထွက်ချင်းမှာ Ms ကိုအရမ်းမြန်အောင်လုပ်ပေးထားပါတယ် Sprint သုံးပြီးပြေးသလောက်ကိုမြန်ပါတယ် ကိုယ့်ရဲ့ Base ကနေ Enemy Second Tower နားထိရောက်ဖို့တောင် 20s ၀န်းကျင်ပဲကြာပါတယ် Main Sever ကိုသာရောက်လာရင် Roamerတွေနဲ့ Exp Laner တွေအတွက်တော့ Lane Cutting လုပ်လို့ကောင်းသွားမှာပါ အတည်သာ ပါလာရင်အတော်လေးမိုက်မှာပါ (2)Call Up Friends Lord Kill လိုက်တဲ့အခါမှာ ကိုယ့်ဘက်ကနေ Lordတင်မကဘဲ Special Minionတွေအဖြစ်နဲ့ Jungleထဲကအကောင်သုံးကောင်ကိုပါ ခေါ်လိုက်မှာပါ ဒီကောင်တွေက သာမန် Minion တွေထက်ပိုမာပြီး Dmg လည်းကြမ်းပါတယ် Lord နဲ့ ဒီသုံးကောင်လာရင် Def ရပိုခက်ပါတယ် တစ်ခုမေးစရာရှိတာက 3 Lord Feature သာပါလာရင် ဒီ Special Minions တွေရော 3 Lane လုံးကနေလာမလားတော့ မသိသေးပါဘူး (3)Eternal Strength Turtel Killပြီးတဲ့အခါမှာ အရင်ကလို Kill တဲ့သူပဲ Buff ရတာမဟုတ်ဘဲနဲ့ တစ်သင်းလုံး turtle buff ကိုရတော့မှာပါ Turtle သုံးကြိမ်ပေါ်မှာဖြစ်တာကြောင့် Stack 3 ခုထိစုသွားလို့ရမှာပါ Cd လည်းမပါတော့ဘဲ ဒီကရတဲ့ buff ကတစ်ပွဲလုံး ရနေမှာပါ Stack 3 ကြိမ်အထိစုလို့ရတာကြောင့် Buffကနေရမယ့် stats တွေကိုတော့ လျှော့ထားပါတယ် Turtle battle တွေအရင်ကထက်ပိုကြမ်းလာမှာပါ