Mage Hero အသစ်ဖြစ်ပြီး June 29th မှာထွက်လာမယ်လို့သိရပါတယ် Poke Dmg ကိုဦးစားပေးတဲ့ mage မျိူးဖြစ်တာကြောင့် ညှော်လို့တော့ကောင်းမှာပါ Skill 2 ကိုအဓိက အားထားပြီးသုံးရမယ်လို့ထင်ပါတယ် Skill တွေကလည်းရိုးရှင်းပါတယ် Passive Skill 2 သုံးလိုက်တဲ့အချိန်မှာ Manaတွေကို လိပ်ပြာလေးတွေအဖြစ်ပြောင်းပြီး ဒီလိပ်ပြာလေးတွေက သူမရဲ့ weapon ဖြစ်တဲ့ မီးအိမ်လေးနောက်ကိုလိုက်သွားမှာပါ ချခံရတဲ့ရန်သူကို Stack တွေထိစေမှာပါ Skill 2 သုံးပြီးရင်တော့ လိပ်ပြာလေးတွေက Zuxin ဆီပြန်လာပြီးMana အဖြစ်ပြန်ပြောင်းသွားမှာပါ Skill 1 Valentina Skill 1 နဲ့ဆင်ပါတယ် Fan-shaped Area ကို Dmg ထိစေမှာဖြစ်ပြီး Stack လည်းထိစေမှာပါ Enemy ဆီက Ms ကိုလည်းခိုးလိုက်မှာဖြစ်ပြီး ကိုယ့်ကိုမြန်သွားစေမှာပါ Skill 2 ဖိထားပြီး သုံးရတဲ့ Skill တစ်ခုပါ အပေါ်မှာပြောထားတဲ့အတိုင်း ကိုယ့်ရဲ့ Mana တွေကို Crimson Butterflies တွေပြောင်းပြီး ရန်သူကို Dmg နဲ့ Stack တွေထိစေမှာပါ Stack ပြည့်သွားရင်တော့ လေပေါ်မြှောက်ပြီး ဆွဲလိုက်လို့ရပါတယ် CC ပေးနိုင်တဲ့ Main Skill တစ်ကွက်ပါ Ultimate ရှေ့ကိုအနည်းငယ် blink လုပ်လိုက်မှာဖြစ်ပြီး ကိုယ်ရဲ့ အနီးတစ်ဝိုက်ကို Odette ရဲ့ Ultimate လိုမျိုး Dmg ထိစေမှာပါ ကိုယ်ကိုယ်တိုင်လည်း Shield အနည်းငယ်ရထားပါမယ် Stack တွေလည်း ထိစေမှာဖြစ်တာကြောင့် Ultimate ပြီးမှ Skill 2 သုံးရင်ပိုမိုက်မှာပါ