Image
၂၀၂၆ ခုနှစ်မှာ ကျရောက်မယ့် PUBG Mobile 8th Anniversary ဟာ မတ်လထဲမှာ စတင်မှာဖြစ်ပြီး အလွန်ထူးခြားတဲ့ Update တွေနဲ့ Theme တွေ ပါဝင်လာဖို့ ရှိပါတယ်။ လက်ရှိ Beta Version မှာပါဝင်လာတဲ့အချက်အလက်တွေအရ 4.3 ရဲ့ Official Version မှာပါဝင်လာမဲ့ Theme Mode အကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ ​၈ နှစ်ပြည့်အတွက် "Carnival" သို့မဟုတ် "Skyhigh Spectacle" ကဲ့သို့သော ပွဲတော်ပုံစံ Theme တစ်ခု ပါဝင်လာဖို့ ရှိပါတယ်။ ဒီတစ်ခါမှာလည်း အခုလက်ရှိ version 4.2အတိုင်း arena modeသီးသန့်မပါပဲ မြေပုံမှာရှိတဲ့ နေရာတွေကို recreation လုပ်ထားတာကိုတွေ့ရမှာပါ။ မြေပုံထဲက မြို့အချို့ (ဥပမာ- Pochinki, Hospital, Mylta) တွေမှာ ကစားပုံစံတွေ ပြောင်းလဲသွားပါမယ်။ ​Pochinki မှာတော့ Musicနဲ့ ပတ်သက်တဲ့ စွမ်းအားတွေ သုံးနိုင်တဲ့နေရာ ဖြစ်လာနိုင်ပါတယ်။ ​Hospita မှာ တော့ ​လေထဲပျံနိုင်တဲ့ Cannon တွေနဲ့ ခုန်ပျံတိုက်ခိုက်နိုင်တဲ့ Aerodynamic Skillတွေ ပါဝင်လာမှာပါ။ နောက်ဆုံးတစ်ခု ​Myltaမှာတော့ ကားပြိုင်ကွင်း (Racing Track) ပုံစံမျိုး ပြောင်းလဲပြီး ယာဉ်တွေနဲ့တိုက်ခိုက်ရမဲ့ နေရာဖြစ်လာမှာပါ။